One Health Solution

ကျန်းမာရေးအလုံးစုံအာမခံ

အာမခံအမျိုးအစား

ဆေးကုသမှုဆိုင်ရာ အလုံးစုံအာမခံ

အာမခံထားနိုင်သော အသက်အရွယ်

အသက် ရက် (၃၀) မှ (၆၀) နှစ်အထိ (အသက် (၈၀) အထိ အာမခံအကာအကွယ်ရရှိနိုင်) ပေါ်လစီသက်တမ်း

ပေါ်လစီသက်တမ်း

တစ်နှစ်သက်တမ်း (၂) နှစ်အထိ သက်တမ်းတိုးနိုင်ခွင့်ရှိ


အကျိုးခံစားခွင့်များ

(၁) အတွင်းလူနာအဖြစ် ကုသမှုခံယူခြင်း

ဆေးရုံတက်ခြင်းနှင့် ပတ်သက်သည့် ဆေးရုံအခန်းခနှင့် ဆေးရုံစရိတ်၊ အထူးကြပ်မတ်ကုသခြင်း၊ ခွဲစိတ်ကုသခြင်းနှင့် အခြားဆက်စပ်ကုန်ကျစရိတ်များ စသည့်ဆေးရုံစရိတ်များပါဝင်ပါတယ်


(၂) ပြင်ပလူနာအဖြစ် ကုသမှုခံယူခြင်း

‌ဆေးရုံမတက်ရောက်မီ အထူးကုဆရာဝန်နှင့် ဆွေးနွေးခြင်း၊ အရေးပေါ်မတော်တဆမှုကြောင့် ကုသမှုခံယူခြင်း၊ နေ့ပိုင်းစောင့်ရှောက်မှုနှင့် ခွဲစိတ်ကုသမှုစရိတ်၊ ကျောက်ကပ်ဆေးခြင်း၊ ကင်ဆာရောဂါကုသခြးစသော စရိတ်များအား ကာကွယ်ပေးပါတယ်


(၃) မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် အာမခံအကျိုးခံစားခွင့်

မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် ငွေကြေးဆိုင်ရာအကာအကွယ်များ ပံ့ပိုးပေးပါတယ်


(၄) ကျန်းမာရေးဆုကြေး

အာမခံအကျိုးခံစားခွင့်များမရယူဘဲ ကျန်းမာအောင်နေထိုင်ခြင်းအတွက် ပရီမီယံသက်သာခွင့်ဆုကြေးများ ရရှိနိုင်ပါတယ်


AIA ရဲ့ ကျန်းမာရေး အလုံးစုံအာမခံ (One Health Solution) က ဘာတွေထူးခြားကွဲပြားနေလဲ။

ကမ္ဘာ့အနှံ့ ဆေးကုသမှု အကျိုးခံစားခွင့်

  • ကမ္ဘာ့မည်သည့်နေရာတွင်မဆို ဆေးကုသမှုအကျိုးခံစားခွင့် ရရှိနိုင်ခြင်း
ငွေသားမလို အကျိုးခံစားခွင့်ဝန်ဆောင်မှု
  • AIA နှင့် ချိတ်ဆက်ထားသော ကျန်းမာရေးစောင့်ရှောက်မှုစင်တာများတွင် ဆေးရုံတက်ရောက်ခြင်းနှင့် ဆေးကုသမှုခံယူခြင်းအတွက် ငွေသားမလို ဝန်ဆောင်မှု ရယူနိုင်ခြင်း